သူရဲကောင်း ဗိုလ်ချုပ်ကြီးက ဘယ်သူလဲ?

0 Comments

ဖေဖော်ဝါရီလ (၁) နေ့တွင် ကာကွယ်းရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်က ရွေးကောက်ပွဲအနိုင်ရသော NLD ပါတီဝင်များကို ထိန်းသိမ်းကာ အာဏာသိမ်းယူခဲ့သည်။ ထိုနေ့သည်တတိယအကြိမ်ပြည်သူ့လွှတ်တော်စတင်မည့်နေ့ဖြစ်သည်။အာဏာသိမ်းယူလိုက်သည်နှငိ့ တပြိုင်တည်း အာဏာရှင်ဆန့်ကျင်သည့် ပြည်သူလူထု၏ဒေါသအိုးပေါက်ကွဲသံသည်ကမ္ဘာအနှံ့မြည်ဟိန်းလေသည်။ ဒီမိုကရေစီစနစ်၏အနှစ်သာရကို အပြည့်အဝမခံစားရသေးသညိ့ ပြည်သူတွေအဖို့ ထိုဖြစ်ရပ်သည် ရင်ဝကို လှံဖြင့်ဆောက်ထိုး လိုက်သလို ခံစားရမည်မှာ အမှန်ပင်ဖြစ်သည်။ ဦးနေဝင်းလက်ထက်တွင် (၂၆)နှစ် နှင့်ဦးသန်းရွှေလက်ထက်တွင် (၂၂)နှစ်ကြာ အာဏာရှင်စနစ်အောက်မှာ ရှင်သန်ခဲ့သည့် ပြည်သူများသည် စနစ်ဆိုးအောက်မှာ အိမ်မက်ဆိုးများဖြင့်